ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာကျောင်းလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်

‎ပုသိမ် ဖေဖော်ဝါရီ ၂၅

‎(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့နယ်၊ ရွှေတင်မြင်တင်ကျောင်းလမ်း ကတ္တရာလမ်းအရှည်(၅.၅)ဖာလုံ၊ အကျယ်(၁၂)ပေ ထု(၉)လက်မရှိ ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများ နှင့်အတူ ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ‎ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပမည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ ကွင်းသို့ သွားရောက်၍ သီးပင်စားပင်များစိုက်ပျိုးထားရှိမှု၊ ဆီထွက်သီးနှံများစိုက်ပျိုးထားရှိမှု၊ အခမ်းအနားကျင်းပမည့်မဏ္ဍပ်တည်ဆောက်လုပ်နေမှု၊ ဘေလီတံတားတည်ဆောက်ထားမှု၊ ပြခန်းများ ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

25-Feb-2026