ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ခမောက်မော်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေး ကျောင်းတိုက်ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သက်တော်(၁၀၄)နှစ်၊ သိက္ခာတော်(၈၄)ဝါရှိ သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ်၏ အန္တိမအဂ္ဂိဈာပန စီစဉ်ကျင်းပနိုင်ရန် အလှူငွေများ လှူဒါန်းပွဲသို့ တက်ရောက်၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၊ ရန်ကုန်-ပုသိမ်လမ်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
17-Feb-2026