ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာအုပ်စု ငါးရွာစုပေါင်း၊ ကျောင်းတောင်တောရကျောင်းတိုက်တွင် ပြုလုပ်သော သက်တော်(၉၇)နှစ်၊ သိက္ခာတော်(၇၇)ဝါရှိကျေးဇူးတော်ရှင် သက်တော်ရှည် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒာဝရမဟာထေရ်မြတ်၏ စံကျောင်းတော်ပင့် ထီးဖြူတော်ဖွင့် သာဓုကီဠနပူဇာ သို့တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လည်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာအုပ်စု၊ ကညင်ချောင်း(တောင်)ကျေးရွာ၊ ငါးရွာစုပေါင်း၊ ကျောင်းတောင်တောရကျောင်းတိုက်တွင် ပြုလုပ်သော ကျောင်းတောင်တောရကျောင်းတိုက်၏ ဦးစီးပဓာန၊ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဂျပန်နိုင်ငံ- ဗုဒ္ဓစာပေ ပထမဆုရ ၊ ဝိနယာလင်္ကာရဋီကာနိဿယသစ် (ပ၊ဒု)ကျမ်းပြု၊ သံဃ,ဂဏ ဝိရောစနဂုဏ်၊ ဝိနယဂရုကဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ်၊ သမထ,ဝိပဿနာဓုရာဝဟဂုဏ်၊ ကာယဝိဝေက၊ စိတ္တဝိဝေက, ဧကီဘာဝ,သန္တိန္ဒြိယဂုဏ်စသောဂုဏ်တို့နှင့် ပြည့်စုံတော်မူသော သက်တော်(၉၇)နှစ်၊ သိက္ခာတော်(၇၇)ဝါရှိကျေးဇူးတော်ရှင် သက်တော်ရှည် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒာဝရမဟာထေရ်မြတ်၏စံကျောင်းတော်ပင့် ထီးဖြူတော်ဖွင့် သာဓုကီဠနပူဇာ သို့တက်ရောက်ခဲ့သည်။

ဦးစွာ ဆရာတော်ကြီးများဦးဆောင်၍ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ( ဒုက္ခာတိ၊ အနတ္တာတိ ) အစချီသော သံဝေဂဂါထာတော် သုံးကြိမ်ရွတ်ဆို ပွားများ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် အပေါင်းတို့သည် ပုသိမ်မြို့၊ ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာတော် သံဃာတော်များအတွက် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ စျာပနာအတွက် လှူဒါန်းငွေများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှလှူဒါန်းသော စိန်ကတ္တီပါတို့အား လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ခမောက်မော်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၃၂၀ပေ၊ အကျယ်၁၀ပေနှင့် ထု၆လက်မရှိသည်။

16-Feb-2026