ပုသိမ်မြို့၌(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကျင်းပ
ပုသိမ် ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက်က ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေနှင့် ဌာနဆိုင်ရာများက နေရာယူပြီးနောက် နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်း များဆောင်ရွက်ခဲ့ပြီး အလံတင်တပ်စုသည် စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ထို့နောက် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို အဆိုပါကွင်း၌ ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ စည်သူဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာသူများ က နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအားအလေးပြုခဲ့ကာ ဂုဏ်ပြုတပ်ဖွဲ့မှသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂ဝ၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။