ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်ဆိပ်ကမ်း၌ ဗိုလ်မြတ်လေးသံကူကွန်ကရစ်ရေဆင်းဆိပ်ခံတံတားနှင့် ခရီးသည်နားနေဆောင်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပုသိမ်ဆိပ်ကမ်း၌ အလျား ၃၄ ပေ x အနံ ၁၄ ပေ အရွယ် ဗိုလ်မြတ်လေးသံကူကွန်ကရစ်ရေဆင်းဆိပ်ခံတံတားနှင့် အလျား ၄၀ ပေ x အနံ ၁၄ပေ အရွယ် ခရီးသည်နားနေဆောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ ဗိုလ်မြတ်လေးတံတားအား ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ငဝန်မြစ်ကြောင်းအတွင်း သွားလာနေကြတဲ့ရေယာဉ်များအနေနဲ့ အချိန်မရွေးဆိုက်ကပ်/ထွက်ခွာနိုင်ပြီး ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းများ၊ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ခရီးသွားလာမှု လွယ်ကူချောမွေ့ကာ လုံခြုံစိတ်ချစွာ သွားလာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်. ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပူးပေါင်းချိတ်ဆက်ကာ တိုင်းဒေသကြီးတစ်ခုလုံးတိုးတက်အောင် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် တိုးချဲ့တံတားများ ရေရှည်တည်တံ့ဖို့အတွက် စည်းကမ်းတကျ အသုံးပြုကြရန်လိုပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပုသိမ်ဆိပ်ကမ်းမှ ဆိပ်ကမ်းအရာရှိချုပ်က တည်ဆောက်မှုအခြေ အနေအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဗိုလ်မြတ်လေးသံကူကွန်ကရစ်ရေဆင်းဆိပ်ခံတံတားနှင့် ခရီးသည်နားနေဆောင်တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပုသိမ်ဆိပ်ကမ်းမှ ဆိပ်ကမ်းအရာရှိချုပ်က ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ခရီးသည်နားနေဆောင်အား အမွှေးနံ့သာရေပက်ဖျန်းပေးခဲ့ပြီး အဆောင်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

11-Feb-2026