ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့၊ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့၊ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုးချဲ့ ဆိပ်ခံတံတားများ တည်ဆောက်လိုက်သည့်အတွက် ငဝန်မြစ်မှတဆင့် ပုသိမ်မြို့ကိုစက်လှေများဖြင့် လာရောက်ကြသည့် ဒေသခံများ အခက်အခဲမဖြစ်စေရန်အတွက် တိုးချဲ့ဆိပ်ခံတံတားမှတဆင့် ရေယာဥ်များ​ပေါ်သို့တက်ဆင်းနိုင်ရန် ကွန်ကရစ်လှေကားများကိုပါ ထည့်သွင်း တည်ဆောက်ပေးထားတာဖြစ်ပါ‌ကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း ပုသိမ်ကမ်းနားလမ်းသာယာလှပရေးအတွက် တိုးချဲ့ဆိပ်ခံတံတားတည် ဆောက်ရေးလုပ်ငန်းတွေကို ပုသိမ်ကျောက်ထီးအထိ ဆောင်ရွက်ပေးသွားမှာဖြစ်ပါေကြာင်းနှင့် ပုသိမ်ကမ်းနားလမ်း တိုးချဲ့ ဆိပ်ခံတံတား အလျားစုစုပေါင်း (၁၆၂၀)ပေ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ကမ်းနားလမ်းသာယာလှပရေးအတွက် ဆောင်ရွက်ပေးထားသည့်အပေါ်တွင် မြို့သူ/မြို့သားများအနေဖြင့်လည်း ဆိပ်ခံတံတားပေါ်မှာရော မြစ်ထဲကိုပါ စည်းကမ်းမဲ့အမှိုက်ပြစ်ခြင်းများ မပြုလုပ်ကြဘဲ သတ်မှတ်နေရာများမှာသာအမှိုက်ပြစ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြလိုပါ‌ေကြာင်း၊ ထို့အပြင် ဆောင်ရွက်ထားသည့် ပုသိမ်ကမ်းနားလမ်း တိုးချဲ့ ဆိပ်ခံတံတားများ ရေရှည်တည်တံ့ရန်အတွက် စည်းကမ်းတကျ အသုံးပြုကြရန်နှင့် အများပြည်သူအပန်းဖြေရာနေရာမှာ မိမိကြောင့်ပြည်သူများစိတ်အနှောင့်အယှက် ဖြစ်စေမည့် ပြုမူနေထိုင်မှုများကို ရှောင်ရှားပေးကြစေလိုကြောင်း” ပြောကြားသည်။

ဆက်လက်၍ ပုသိမ်ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား တည်ဆောက်မှုအခြေအနေအား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းတင်ပြပြီး ပုသိမ်ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။ ယင်းနောက် ပုသိမ်ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ဆိပ်ခံတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

11-Feb-2026