ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကန်သုံးဆင့်အပန်းဖြေဥယျာဉ်အပိုင်း(၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကန်သုံးဆင့်အပန်းဖြေဥယျာဉ်အပိုင်း(၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့တွင် ပုသိမ်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ကန်သုံးဆင့်အပန်းဖြေဥယျာဉ် တတိယပိုင်းကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာလည်း ကန်သုံးဆင့်အပန်းဖြေဥယျာဉ်အပိုင်း (၃) မြေဧရိယာ (၅.၂) ဧကပေါ်တွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ကန်သုံးဆင့်အပန်းဖြေဥယျာဉ်ကို ပန်းပေါင်းဝေဆာသော ပန်းဥယျာဉ်အဖြစ်လည်းကောင်း၊ ပြည်သူများ စိတ်လက်ကြည်သာစွာ အပန်းဖြေနိုင်ရေးအတွက်လည်းကောင်း နှစ်စဉ်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးသော အပိုင်းများကိုလည်း အမြဲတမ်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန်လိုပါကြောင်း” ပြောကြားကာ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီးက ကန်သုံးဆင့်အပန်းဖြေဥယျာဉ်အပိုင်း(၃)ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ကန်သုံးဆင့်အပန်းဖြေဥယျာဉ်အပိုင်း(၃)အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။