ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့အဝင် အဆင့်မြင့်မြေယာရှုခင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့အဝင် အဆင့်မြင့်မြေယာရှုခင်းဖွင့်ပွဲအခမ်းအနားသို့ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့အဝင် အဆင့်မြင့်မြေယာရှုခင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြေယာရှုခင်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးက ပုသိမ်မြို့အဝင် အဆင့်မြင့်မြေယာရှုခင်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။