ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်သည့် ဆရာ၊ ဆရာမများ၊ Grade-12 ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ

ပုသိမ်       ဖေဖော်ဝါရီ      ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင်ပြုလုပ်သည့် ဆရာ၊ ဆရာမများ၊ Grade-12 ကျောင်းသား၊ ကျောင်းသူ များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် နှစ်စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကိုလည်း တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများဖြင့် ပြုလုပ်လျက် ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အားနည်းသည့် ဘာသာရပ်များအလိုက် ထိရောက်စွာ အချိန်ပိုသင်ကြားခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုဝင်တန်း အကြို စာမေးပွဲ တတိယအကြိမ် ဖြေဆိုနေပြီဖြစ်၍ ကျောင်းသားကျောင်းသူများ၏ အားနည်းချက် အားသာချက်များအလိုက် ပိုမိုဖြည့်ဆည်း သင်ကြားပေးရန်လိုပါကြောင်းနှင့် တစ်ကြိမ်ထက် တစ်ကြိမ် တိုးတက်မှုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မား ရေးအတွက်လည်း တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၂၅- ၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သော ဟိုင်းကြီးကျွန်း မြို့ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃)ရပ်ကွက်သို့ ဆက်သွယ်ထားသော ကျေးရွာချင်း ဆက်လမ်း (၀.၈၄ မိုင်  ၁၂ ပေ၊ ၃လက်မ)လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစေရေး၊ လမ်းပုခုံးများ စနစ်တကျဆောင်ရွက်ရေး မှာကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟိုင်းကြီးကျွန်းမြို့၊ အဏ္ဏဝါအခြေခံပညာ အထက်တန်းကျောင်းဝန်း၌ ဆောက်လုပ်လျက်ရှိသည့် ၁၄၀ ပေ၊ ၃၀ပေ RCC နှစ်ထပ် ကျောင်းဆောင် ဆောက်လုပ်နေမှုအားလည်းကောင်း၊ ကျောက်ချောင်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌ (၁၃၀ပေ၃၀ပေ)RCC နှစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမ ှုနှင့် (၉၀ ပေ  ၃၀ ပေ)RCC တစ်ထပ် ဝန်ထမ်းအိမ်ယာအသစ်တည်ဆောက်ပြီးစီးမှုအား လည်းကောင်း၊ ကံချိုင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ (၁၄၀ ပေ  ၃၀ ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့်တွေ့ဆုံ၍ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ ကျောင်းသား၊ ကျောင်းသူများ အားနည်းသည့် ဘာသာရပ်များအလိုက်ထိရောက်စွာ အချိန်ပို သင်ကြားခြင်းများ ဆောင်ရွက်ရေးမှာကြားခဲ့ကာ ဆရာ၊ ဆရာမများ၏ တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

05-Feb-2026