ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လပွတ္တာမြို့နယ်၊ ချောင်းဝကုန်းကျေးရွာနှင့် ပျဉ်ထောင်တွင်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ချောင်းဝကုန်းကျေးရွာနှင့် ပျဉ်ထောင်တွင်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ ကျေးရွာ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ လပွတ္တာ-ရှမ်းစု-ကျုံမငေးလမ်းပေါ်ရှိ တံတားအရှည် ၄၇၀ပေ ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။ အဆိုပါတံတားသည် တံတားအပေါ်ထည်နှင့် အောက်ထည်သံကူကွန်ကရစ်၊ အုတ်မြစ် R.C Bored Pile ၊တံတားအရှည် ၄၇၀ပေ၊ ပင်မတံတာစခန်းဖွင့်(၇၀)ပေ(၅)ခန်း၊ ချဉ်းကပ်တံတားခန်းဖွင့် လပွတ္တာဘက်ကမ်း (၂၀) ပေ (၃) ခန်းနှင့် ကျုံမငေးဘက်ကမ်း (၂၀)ပေ (၃) ခန်း၊ ယာဉ်သွားလမ်းအကျယ်(၂၈ ) ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၁၂ )ပေနှင့် ရေလမ်းကင်းလွတ်အကျယ် (၅၆) ပေပါရှိမည်ဖြစ်ကြောင်းသိရသည်။

02-Feb-2026