ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့၊ ညောင်ပင်လေးဈေးသစ်ဖွင့်ပွဲအခမ်းသို့ တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့၊ ညောင်ပင်လေးဈေးသစ်ဖွင့်ပွဲအခမ်းသို့ တက်ရောက်ခဲ့ပြီး တိုင်း‌‌ဒေသကြီးဝန်ကြီးချုပ်သည် သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့၊ ညောင်ပင်လေးဈေးသစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများထံသို့ ဈေးသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင် ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ဈေးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါဈေးသစ်သည် Steel Structure အမျိုးအစား၊ (၉၂ပေ×၈၄ပေ)တစ်ထပ်၊ (‌၆ပေ×၆ပေ) ဆိုင်ခန်းပေါင်း(၁၁၀)ခန်း ပါဝင်ကြောင်း သိရသည်။

02-Feb-2026