ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၂

(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာတွင် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ ကျေးရွာ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

02-Feb-2026