ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ အမျိုးသားခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးဘာသာရပ်ဆွေးနွေးပွဲသို့ တက်ရောက်

ပုသိမ် ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ အမျိုးသားခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးဘာသာရပ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အမျိုးသားခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးဘာသာရပ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် နှစ်စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကိုလည်း ပြုလုပ်ခဲ့ပါကြောင်း၊ တက္ကသိုဝင်တန်း အကြိုစာမေးပွဲ ဒုတိယအကြိမ် ဖြေဆိုခဲ့ပြီးဖြစ်၍ ကျောင်းသားကျောင်းသူများ၏ အားနည်းချက်အားသာချက်များအလိုက် ပိုမိုဖြည့်ဆည်း သင်ကြားပေးရန်လိုပါကြောင်းနှင့် တစ်ကြိမ်ထက်တစ်ကြိမ် တိုးတက်မှုရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနိုင်ရေး တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက ဟောပြောပို့ချဆွေးနွေးသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဆွေးနွေးချက်များကို ဂရုစိုက်မှတ်သားနားထောင်၍ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးသွားကြရန်လိုပါကြောင်း၊ တက္ကသိုလ် ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက် ရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း” ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ သင်္ချာဘာသာရပ်၊ ဓာတုဗေဒဘာသာရပ်၊ ရူပဗေဒဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်၊ ပထဝီဝင်ဘာသာရပ်၊ သမိုင်းဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များနှင့်စပ်လျဉ်း၍ အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ တောင်သူဦးဆန်းဦး၏ စိုက်ဧက(၁၀)ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာမျိုး စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး နေကြာစိုက်ခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ကန်သုံးဆင့် ကန်ပတ်လမ်း တိုးချဲ့ဆောင်ရွက်‌ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး မြတ်ခင်းများစိမ်းလန်းစိုပြေစေရေး၊ ပန်းခြံစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်၊ ပန်းပင်များ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် ပြည်သူများစိတ်အေးချမ်းစွာ အပန်းဖြေအနားယူနိုင်ရေး၊ ပန်းခြံစဉ်ဆက်မပြတ်စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ရန်တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

31-Jan-2026