ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်တက္ကသိုလ်အားကစားခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အမျိုးသားဖူဆယ်ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ဘူမိဗေဒဘာသာရပ်အသင်းနှင့် ရူပဗေဒဘာသာရပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြုလုပ်ရာ အမျိုးသမီး/ အမျိုးသား ဂိုးသမားအကောင်းဆုံးအားကစားသမားဆု၊ ဂိုးသွင်းအများဆုံး အားကစားသမားဆု၊ ပွဲစဉ်တလျှောက်အကောင်းဆုံး အားကစားသမားဆုရရှိသူများ၊ အမျိုးသား/ အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်ဘာသာရပ်အသင်းများအား ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခချုပ်တို့က တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့်ညွန့်ပေါင်း(၁)အမျိုးသမီးအသင်းနှင့် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရူပဗေဒဘာသာရပ်အသင်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလားများကို ဆက်လက်ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။