ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေးပြီး ပိုမိုတိုးတက်အောင်မြင်ဖြစ်ထွန်းစေရေးမှာကြား
ပုသိမ် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ညနေပိုင်းက မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ပိုမိုတိုးတက်အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတားအောက်ရှိ မြမ္မာပြာသာကျေးရွာရှိ တောင်သူများ စိုက်ပျိုးထားသည့် ငရုတ်၊ ပြောင်း ၊ ပဲမျိုးစုံ၊ နေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး ဈေးကွက်ရောင်းချရမှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး အပင်များပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေး၊ ခူးဆွတ်ချိန်လေလွင့်မှုမရှိစေရေးနှင့် ပိုမိုအောင်မြင်အောင်ဆောင်ရွက်စေရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ နေကြာစိုက်ခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်ပုသိမ်လမ်း၊ မိုင်(၅၆/၀-၆၃/၀) အတွင်း(၆)မိုင်အား (၃၀)ပေအကျယ်ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် မိုင် (၆၁/၄-၅)အတွင်း Lean concrete ဖြင့်အခြေခံလွှာချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် တို့ကို မှာကြားခဲ့သည်။