ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့သဒ္ဓမ္မသီတဂူမဟာစည်သာသနာ့ရိပ်သာတောရကျောင်းတိုက်၏ ကျောင်းတိုက်တည်နှစ်(၁၅၀)ပြည့် သမ္မာပဋိပတ်အကျင့်မြတ်ပူဇော်ပွဲ အခမ်းအနားတက်ရောက်
ပုသိမ် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ရိပ်သာ တောရ ကျောင်းတိုက်၏ ကျောင်းတိုက်တည်နှစ်(၁၅၀)ပြည့် သမ္မာပဋိပတ်အကျင့်မြတ်ပူဇော်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင်ကျင်းပခဲ့ရာ ပင့်သံဃာအရှင်သူမြတ်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည်ညိုခဲ့ကြသည်။ ဦးစွာ ဆရာတော်ဘုရားကြီးများ ဦးဆောင်တော်မူကာ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ”ဘုရားရှိခိုးရွတ်ဆို၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ရိပ်သာ တောရ ကျောင်းတိုက်၏ ကျောင်းတိုက်တည်နှစ်(၁၅၀)ပြည့် သမ္မာပဋိပတ်အကျင့်မြတ်ပူဇော်ပွဲ ကျောင်းတိုက် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ သမိုင်းဝင်စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်(၃)ဘာသာဖြင့် ရေးထိုးထားသော မော်ကွန်းကျောက်စာ တော်အား အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ ရိပ်သာ တောရကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ မဟာဒွါရဂိုဏ်းကြီး၏ ဒုတိယသာသနာပိုင် သက်တော်ရှည်ဆရာတော်ဘုရားက မော်ကွန်းကျောက်စာတော်အား စက်ခလုပ်နှိပ်ဖွင့်လှစ် ပေးပြီးနောက် ဆရာတော်ဘုရားဦးဆောင်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော တာဝန်ရှိသူများက အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။