ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၄

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုလမ်းသစ်တွင် ကျင်းပခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ သင်္ဃန်းဒေါင့်ကျေးရွာ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေများဖြင့် နေရာအကြားအလပ်မရှိ လမ်းတံတားများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အလှူရှင်အသီးသီး၏ လှူဒါန်းမှုများဖြင့်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ‌တည်ဆောက်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်လျာထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လမ်းတံတားများရေရှည်တည်တံ့ရေးအတွက်လည်း ပြည်သူလူထုကပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း” ပြောကြားခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ပြည်သူထည့်ဝင် ငွေတို့ဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် ၂၁၆၀ပေ၊ အကျယ်၈ပေနှင့် ထု၆လက်မ ရှိကြောင်းသိရသည်။

24-Jan-2026