ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ ရေကြည်- တောင်လယ်- လှည်းထောက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ရေကြည်-ကြာကန်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်
ပုသိမ် ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ရေကြည်မြို့နယ်၊ ရေကြည်- တောင်လယ်- လှည်းထောက်လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းအား ရေကြည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၂၅- ၂ဝ၂၆ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည်( ၀/၂ )မိုင်၊ အကျယ်( ၁၂ )ပေနှင့် ထု( ၇ )လက်မရှိကြောင်းသိရသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ရေကြည်မြို့နယ်၊ ရေကြည်-ကြာကန်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းအား ရေကြည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၂၅- ၂ဝ၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည်(၀/၆.၂၈ )မိုင်၊ အကျယ်(၁၀)ပေနှင့် ထု(၇ )လက်မရှိကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကြာကန်ကျေးရွာတွင်ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယခုလ(၂၅)ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ အသက်(၁၈)နှစ်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခဲ့ပါကြောင်း၊ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လျှပ်စစ်မီးရရှိရေးအတွက်လည်း မဟာဓါတ်အားလိုင်းအပြင် မဟာဓာတ်အာလိုင်းမရောက်ရှိသေးသည့် ဒေသများတွင် ဆိုလာစနစ်နှင့် အင်ဂျင်တွဲဖက်၍ လျှပ်စစ်မီးရရှိရေး၊ တစ်အိမ်ထောင်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိပေးထားပါကြောင်း၊ တိုင်းဒေသကြီးအားစိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆန်၊ စပါး၊ သား၊ ငါး အပြင် ဆီဖူလုံရေးအတွက်လည်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီပေါ်ဆန်းအား တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မျိုးကောင်းမျိုးသန့်များအသုံးပြု၍ တိုးချဲ့စိုက်ပျိုးကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း နှစ်အလိုက်ဆွေးနွေးပွဲများကိုလည်း ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲအားနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် တတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကိုလည်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း လိုအပ်သည့်ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကြာကန်ကျေးရွာ ဓမ္မရွှေစည်ကြာကန်ကျောင်းကြီးဆရာတော်အားလည်းကောင်း၊ မင်္ဂလာသုခကျောင်းတိုက် ဆရာတော်အားလည်းကောင်း ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်အားကစားခန်းမသို့သွားရောက်၍ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)များ ထုတ်ပေးနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျစိစစ်ထုတ်ယူရေး၊ ပြည့်စုံစွာပါရှိစေရေး၊စနစ်တကျသယ်ယူပို့ဆောင်နိုင်ရေး၊ အချိန်မီရောက်ရှိရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။