ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ ရွှေတောင်လမ်းကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၂

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းက ရေကြည်မြို့နယ်တွင် ပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်တူ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ ရွှေတောင်လမ်းကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကတ္တရာလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်‌ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် ငါးသိုင်းချောင်းမြို့ ၊ ရွှေဘိုရပ်ကွက်၊ ရွှေတောင်လမ်းကတ္တရာလမ်းအား ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည် (၅၅၀'x၂၀'x၃")အားလည်းကောင်း၊ လက်ရှိဘဏ္ဍာရေးနှစ်၂၀၂၅-၂၀၂၆ ခုနှစ်တွင် လမ်းအရှည် (၄၁၆'x၂၀'x၃")အားလည်းကောင်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်း လမ်းအရှည်မှာ(၉၉၆'x ၂၀'x၃") ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ ရွှေတောင်လမ်းရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

22-Jan-2026