ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်နှင့် သိပ္ပံဆောင်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်နှင့် သိပ္ပံဆောင်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စာကြည့်တိုက်နှင့် သိပ္ပံဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို တေဇာသီရိခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုအခမ်းအနား ပြုလုပ်သည့် တေဇာသီရိခန်းမဆောင်အား ပြည်ထောင်စုရန်ပုံငွေ၊ တပည့်ဟောင်းများ၏ စုပေါင်းလှူဒါန်းမှုများ၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုများဖြင့် ပြန်လည်မွမ်းမံပြုပြင်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးသည် မြေသယံဇာတ၊ ရေသယံဇာတများပေါကြွယ်ဝပြီး အခြေခံပညာကျောင်းတက်ရောက်မှု(၁၁)သိန်းကျော်တက်ရောက်လျက်ရှိသဖြင့် ၎င်းလူ့စွမ်းအားအရင်းအမြစ်များနှင့် ပေါင်းစပ်ဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးသည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း Grade- 12စာမေးပွဲတွင် ထူးထူးချွန်ချွန်ဖြင့် အောင်မြင်ရန် ကြိုးစားသွားကြစေလိုကြောင်း” အမှာစကားပြောကြားပြီး ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ငါးသိုင်းချောင်းမြို့အခြေခံပညာအထက်တန်းကျောင်းနှင့် အသုတ်မြို့အခြေခံပညာအထက်တန်းကျောင်းရှိ ဘင်ခရာအဖွဲ့အတွက် ဘင်ခရာပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား ကျောင်းသား၊ ကျောင်းသူလေးများက ဒေသထွက်လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်နှင့် သိပ္ပံဆောင်အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး (၁၂၀ပေ×၃၀ပေ) RCတစ်ထပ်ကျောင်းဆောင်ဖြစ်ကြောင်းသိရသည်။

21-Jan-2026