ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မျိုးစေ့ချကိရိယာ(Drum Seeder)စနစ်ဖြင့် စိုက်ပျိုးထားသော နယူး(၁၁)နွေစပါးစိုက်ခင်းအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာစု‌ပေါင်းကြဲပက်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက( ၃၀ ) ဧက တွင်ပြုလုပ်သည့် နယူး(၁၁)နွေစပါးစိုက်ခင်းအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာစု‌ပေါင်းကြဲပက်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ဆက်လက်၍ တောင်သူဦးတင်အောင်သန်း၏ လယ်မြေ၌ ၂၀၂၅- ၂၀၂၆ခုနှစ်၊ နွေစပါးကန်သင်းဘောင်ပေါ်တွင် ဆန်ဖိုလာနေကြာမျိုးများအား ကျင်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်း စံပြကွက်၊ Super Sun-41 နေကြာမျိုး၊ ရေဆင်းစပ်မျိုး (၁)နေကြာမျိုးအား ကန်သင်းဘောင်ကျင်းစနစ်ဖြင့် စုစုပေါင်း နေကြာကျင်း (၅)သောင်းကျော် စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး လေကာပင်အရိပ်ရပင်များဖြစ်သည့် အော်ကေးရှားအကြီးမြန်ပင်နှင့်ရတနာတန်းဝင်မဟော်ဂနီသစ်ပင်များကိုကုန်ထုတ်လမ်းဘေးဝဲယာနှင့်ကန်သင်းဘောင်များတွင် အပင်ငါးသောင်းခန့် စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကာ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများ အပြင် လေကာပင်၊ အရိပ်ရပင်များကိုလည်း စနစ်တကျတိုးချဲ့ စိုက်ပျိုးဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။

21-Jan-2026