ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ အမှတ်(၂) ရပ်ကွက်၊ ရုံးကြီးကွက်သစ်(၇)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများထံသို့ တာဝန်ရှိသူများက လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမှတ်(၂) ရပ်ကွက်၊ ရုံးကြီးကွက်သစ်(၇)လမ်း ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် ဒေးဒရဲမြို့၊ ရုံးကြီးကွက်သစ်(၇)လမ်းသည် ဒေးဒရဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ ပြည်သူထည့်ဝင်ငွေများဖြင့်ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည်(၇၀၀)ပေ၊ အကျယ်(၁၀)ပေနှင့် ထု(၆)လက်မရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေးဒရဲမြို့၊ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်၍ ဒေးဒရဲမြို့ပေါ်ရှိအခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းသင်ဆရာ၊ ဆရာမများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် အခြေခံပညာကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုအများဆုံး တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်၍ အလယ်အလတ်အဆင့်ပညာရှင်များမွေးထုတ်ပေးရာမှ အဆင့်မြင့်ပညာရှင်များကို ပိုမိုမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်လျက်ရှိပါကြောင်းနှင့် အောင်ချက်မြင့်မားရေးအတွက် နှစ်စမှ နှစ်ဆုံးအထိ ကြိုးပမ်းဆောင်ရွက်မှုများသည် မကြာခင်ကာလအတွင်း အောင်မြင်မှုများကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့်(၂)ကို ဧရာဝတီတိုင်းဒေသကြီးမှ မဲပေးမှုရာခိုင်နှုန်း အများဆုံးဖြင့် ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်းနှင့် အပိုင်း(၃)ကိုလည်း အပိုင်း(၁)နှင့်အပိုင်း(၂)၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါကြောင်း၊ တိုင်းဒေသကြီးသည် မြေသယံဇာတ၊ ရေသယံဇာတများပေါကြွယ်ဝပြီး အခြေခံပညာကျောင်းတက်ရောက်မှု(၁၁)သိန်းကျော်တက်ရောက်လျက်ရှိသဖြင့် ၎င်းလူ့စွမ်းအားအရင်းအမြစ်များနှင့် ပေါင်းစပ်ဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးသည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအား စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် စိုက်ဧကများပြည့်မီရေး၊ သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် တိုင်းဒေသကြီးအား ဘက်စုံကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဒေးဒရဲမြို့ပေါ်ရှိအခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းသင်ဆရာ၊ ဆရာမများအား အခြေခံစားသောက်ကုန်များနှင့်ချီးမြှင့်ငွေများ၊ Grade- 12 ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေးဒရဲမြို့၊လေးအိမ်ကုန်းကျေးရွာ၊ မဲရုံအမှတ်(၁)သို့သွားရောက်၍ မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး၊ ကြန့်ကြာမှုမရှိစေရေး၊ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်နှင့်လိုအပ်သည်များကိုမှာကြားခဲ့သည်။ ဆက်လက်၍ လေးအိမ်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်ကာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကာ Grade-12သင် ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။