ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် တမန်ချောင်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် ငပုတောမြို့နယ်၊ တမန်ချောင်းကျေးရွာအုပ်စု၊ တမန်ချောင်းကျေးရွာတွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ ကျေးရွာ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တမန်ချောင်းကျေးရွာတွင် ဆက်လက်ပြုလုပ်သည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးစသည့် ကဏ္ဍများကို ဘဏ္ဍာနှစ်အလိုက် လျာထားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပညာရည်မြင့်မားရေးအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်အတန်းကူးပြောင်းမှုမြင့်မားရေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးတို့ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေးကဏ္ဍတွင် အခြေခံပညာကျောင်းဖွင့်လှစ်မှု၊ တက်ရောက်မှုများသည့် တိုင်း‌ဒေသကြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအပိုင်း(၁)နှင့်(၂)အား အောင်မြင်စွာကျင်းပနိုင်ခဲ့ကာ အပိုင်း(၃)ကိုလည်း ယခုလ(၂၅)ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သဖြင့် လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ဒေသလိုအပ်ချက်များကို တင်ပြပေးစေလိုပါကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာ‌ရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20-Jan-2026