ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ဇလွန်မြို့နယ်၊ ပဆင - ညောင်ပင်ဈေး - ကြပ်ကြီး - သရက်တပင် - ညောင်ကုန်းလမ်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ဇလွန်မြို့နယ်၊ ပဆင - ညောင်ပင်ဈေး - ကြပ်ကြီး - သရက်တပင် - ညောင်ကုန်းလမ်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၀/၃ .၅မိုင်၊ အကျယ်၁၂ပေနှင့် ထု၇လက်မရှိကြောင်းသိရသည်။

အလားတူ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ဇလွန်မြို့နယ်၊ အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ၊ ရွာသစ်ကုန်း - အနောက်ဇင်ပြွန်းကုန်း ကျေးရွာချင်းဆက်လမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ဖြင့် ချောင်းကျောက်ခင်းခြင်းဆောင်ရွက်သောလမ်းဖြစ်ပြီး အရှည်(၂၈၅၀)ပေ၊ အကျယ်(၁၀)ပေနှင့် ထု(၄)လက်မရှိကြောင်းသိရသည်။ ထို့နောက် တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ ဂေါပကအဖွဲ့ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး သာသနိကအဆောက်အဦများ၏ မြန်မာမှုလက်ရာများ ရေရှည်တည်တံ့စေရေးထိန်းသိမ်းဆောင်ရွက်ရန်၊ ဘုရားပရဝဏ်အတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် အများပြည်သူများစိတ်အေးချမ်းသာစွာ ဘုရားဖူးကြည်ညိုနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။

18-Jan-2026