ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် GLOBAL EARTH AGRO & AQUA INDUSTRY PUBLIC COMPANY LIMITEDမှ တက္ကသိုလ်/ကောလိပ်/ သိပ္ပံကျောင်းအသီးသီးတွင် တက်ရောက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား/ကျောင်းသူများအား“ဦးဌေးမြင့် ပညာသင်ဆု”ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ GLOBAL EARTH AGRO & AQUA INDUSTRY PUBLIC COMPANY LIMITEDမှ တက္ကသိုလ်/ကောလိပ်/ သိပ္ပံကျောင်းအသီးသီးတွင် တက်ရောက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား/ကျောင်းသူများအား“ဦးဌေးမြင့် ပညာသင်ဆု”ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကုမ္ပဏီ၏ (GEAAI)ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာသင်ဆုချီးမြှင့်ခံရသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကုမ္ပဏီဝန်ထမ်းများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်/ကောလိပ်/ သိပ္ပံကျောင်းအသီးသီးတက်ရောက်သည့်အခါ အထောက်အပံ့ဖြစ်စေရန်တွက် ဦးဋ္ဌေးမြင့်ပညာသင်ဆု ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ၎င်းကဲ့သို့ ထောက်ပံ့ပေးခြင်းသည် တိုင်းဒေသကြီး၏ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း ဖြစ်ပါကြောင်း၊ ဦးဋ္ဌေးမြင့်ပညာသင်ဆု ပေးအပ်ချီးမြှင့်နိုင်ရန်အတွက် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်ကော်မတီများ ဖွဲ့စည်း၍ အဆင့်ဆင့်စိစစ်၍ စနစ်တကျရွေးချယ်ထားခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအားစိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆန်၊ စပါး၊ သား၊ ငါး အပြင် ဆီဖူလုံရေးအတွက်လည်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် မွေးထုတ်ပေးနိုင်မည့် လူငယ်လူရွယ်များသည် အခြေခံပညာကျောင်းများတွင် (၁၁)သိန်းကျော်တက်ရောက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှုများရှိစေရေး ဆောင်ရွက်ခြင်းဖြင့် ပညာရေးကဏ္ဍကိုမြှင့်တင်အားပေးရမည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Public Co., Ltdအနေဖြင့် Steam turbines generators ဖြင့် လျှပ်စစ် 15 MW စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး Gasifier စနစ်ဖြင့် လျှပ်စစ်12MW ထုတ်လုပ်နိုင် ရေး ဆောင်ရွက်လျက်ရှိရာ မကြာမီ ပထမအဆင့် တည်ဆောက်ပြီးစီးမည်ဖြစ်၍ လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ဝန်ထမ်း၊ အထောက်အကူပြုဝန်ထမ်း(၃၀၀၀)ဦးတို့ ခန့်အပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ လိုအပ်သော ဝန်ထမ်းအရေအတွက်များအနက် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဒေသခံများအား ဦးစားပေးခန့်အပ်သွားမည်ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များအား ဘွဲ့ရများအဖြစ်မွေးထုတ်ပေး၍ အလုပ်အကိုင်အခွင့်အလမ်းများကို တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး၏ ကုန်ထုတ်လုပ်မှုစွမ်းအားများ တိုးတက်လာမှာဖြစ်ပါကြောင်း ” အမှာစကားပြောကြားသည်။

ဆက်လက်၍ Global Earth Agro & Aqua Industry Public Company Limited ဥက္ကဋ္ဌက“ ပညာသင်ဆုချီးမြှင့်ခြင်းအခြေအနေများ၊ စိုက်ပျိုးရေးအခြေခံ ထွက်ရှိသော စပါး၊ ပဲ၊ ပြောင်း အစရှိသည့် သီးနှံများကို အသုံးပြု၍ ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများအပါအဝင် Hatchery တည်ဆောက်ခြင်း၊ Grow Out အသားတိုး မွေးမြူခြင်း၊ အစာစက်ရုံတည်ဆောက်ခြင်း၊ အအေးခန်းနှင့် ပြုပြင်ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ခြင်း၊ စပါးခွံလောင်စာသုံး လျှပ်စစ်စက်ရုံတည်ဆောက်ခြင်း၊ ဘေးထွက် ပစ္စည်းများမှတဆင့် မြေဩဇာစက်ရုံ တည်ဆောက်ခြင်းနှင့် ဆက်စပ်ပစ္စည်းများ၊ လုပ်ငန်း အတွက် ဆန်စက်၊ ဆီစက်၊ အစားအသောက်ထုတ်လုပ်နိုင်သည့် စက်ရုံများတစ်နေရာတည်းတွင် ကုန်ထုတ်လုပ်မှုများလုပ်ဆောင်နိုင်ပြီး ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချနိုင်ရန် လုပ်ဆောင်လျှက်ရှိပါကြောင်း၊ ပညာသင်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများထဲမှ ယခုစာသင်နှစ်မှ စတင်၍ စာသင်လအပေါ် မူတည်၍ တလလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ဘာသာရပ်အလိုက် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သိပ္ပံများရှိ ကျောင်းသား/သူများကို ပညာသင်ဆုနှင့် လုပ်ငန်းခွင်လေ့လာ ခြင်း၊ အလုပ်သင်ကြားပေးခြင်းများကို ဆောင်ရွက်ပေး၍ ပညာရေးပြီးဆုံးသည့်အခါ အလုပ် အကိုင်များကို စဉ်ဆက်မပြတ်ခေါ်ယူပေးသွားမှာ ဖြစ်ပါကြောင်း” ပညာသင်ဆုချီးမြှင့်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ရေကြည်မြို့နယ်များမှ ပညာသင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ကျောင်းကုန်း၊ အင်္ဂပူမြို့နယ်များမှ ပညာသင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်းမြို့နယ်များမှ ပညာသင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား Global Earth Agro & Aqua Industry Public Company Limited ဥက္ကဋ္ဌကလည်းကောင်း၊ မြန်အောင်၊ ကြံခင်း၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များနှင့် ကျန်ရှိသည့်မြို့နယ်များအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပညာသင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီးတက်ရောက်လာကြသူများအား နေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။

18-Jan-2026