ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာ၊ သက်ရှည်ရတနာ သာသနာ့ဗိမာန်တော်တွင်ကျင်းပသည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် တတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
ပုသိမ် ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာ၊ သက်ရှည်ရတနာ သာသနာ့ဗိမာန်တော်တွင်ကျင်းပသည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် တတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဦးစွာ အခမ်းအနားကို “ နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် မဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ၊ ဝိနိယဝိဒူ B.A (Myanmar)၊ မဟာစည်နယ်လှည့်ဓမ္မကထိက သဒ္ဓမ္မဂုဏ်ရည်အရှင်ကုသလ ကျောက်စိမ်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးမိသားစုက လှူဒါန်းသော အလှူငွေများကို တာဝန်ရှိသူတစ်ဉီးက လည်းကောင်း၊ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့သည်။ ဆက်လက်၍ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ၊ ဝိနိယဝိဒူ B.A(Myanmar)၊ မဟာစည်နယ်လှည့်ဓမ္မကထိက သဒ္ဓမ္မဂုဏ်ရည်အရှင်ကုသလ ကျောက်စိမ်းဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံတိဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ်အားဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ်လှူဒါန်းခဲ့ပြီး စေတီတော်မြတ်ကြီး၏ လှိုင်ဂူတော်အတွင်းရှိ ရုပ်ပွားတော်မြတ်များနှင့် မြန်မာမှုလက်ရာများအား ဖူးမြော်ကြည်ညိုလေ့လာခဲ့ ကြောင်းသိရသည်။