ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း မဲရုံများတွင် ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေး

ပုသိမ် ဇန်နဝါရီ ၁၁

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယ‌နေ့နံနက်(၆)နာရီမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၉) မြို့နယ်တွင် အပိုင်း(၂)အနေဖြင့် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မဲရုံများတွင် ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)သို့သွားရောက်၍ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး၊ ကြန့်ကြာမှုမရှိစေရေး၊ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ကမ်းနားလမ်း၊ ကမ်းသာယာ View Point အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ‌ဆောင်ရွက်ရန်နှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မဲရုံအမှတ်(၁)သို့သွားရောက်၍ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး၊ ကြန့်ကြာမှုမရှိစေရေး၊ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ လဟာကလူကျေးရွာနှင့် ကွင်းယားအရှေ့ကျေးရွာသို့ သွားရောက်၍ လဟာကလူ-သရက်ချောင်းမြောင်း ပြန်လည်တူးဖော်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော် ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ‌အုပ်စု၊ မဲရုံအမှတ်(၁)သို့သွားရောက်၍ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး‌နောက် ကျောင်းကုန်းမြို့နယ်၊ မီးသွေးတိုက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၁၀၀ပေ×၃၀ပေ) RCC(၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီရေးတို့ကို မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်ကွပ်ကဲရေးရုံးသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ မဲရုံအမှတ်(၂)သို့သွားရောက်၍ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အားကစားခန်းမတွင်ပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကိုယနေ့တွင် ကျင်းပနေပြီဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကျင်းပပြီးစီးချိန်မှစ၍ အပိုင်း(၂)ဆက်လက်ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အပိုင်း(၃)ကိုလည်း ယခုလအတွင်း ဆက်လက်ကျင်းပမည်ဖြစ်၍ လိုအပ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို လုပ်ဆောင်ကြရမညိဖြစ်ပါကြောင်း၊ ဆန္ဒမဲလာရောက်ပေးသည့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများကို ကူညီပေးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်ခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး၊ ကြန့်ကြာမှုမရှိစေရေး၊ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် မဲရုံများစနစ်တကျဖြစ်စေရေးကိုလည်း ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အပိုင်း(၁)နှင့် အပိုင်း(၂)၏ အားသာချက်၊ အားနည်းချက်များကိုလည်း ကြည့်ရှု၍ လိုအပ်သည်များပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)သို့ လည်းကောင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မဲရုံအမှတ် (၁)သို့လည်းကောင်း၊ ဖျာပုံမြို့၊ ရပ်ကွက်(၁)၊ ဓနိတောရပ်ကွက်၊ မဲရုံအမှတ်(၁)သို့လည်းကောင်းသွားရောက်၍ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး၊ ကြန့်ကြာမှုမရှိစေရေး၊ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

11-Jan-2026