ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းကုန်းမြို့နယ်ရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဇန်နဝါရီ ၁၀

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယခုလ(၁၁)ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ရာ ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ည နေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)သို့ သွားရောက်၍ မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေး၊ ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်တို့ကိုမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရန်ကုန်-ပုသိမ် လမ်း( ၇၇/၃-၄ ) ကြား ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းအားကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် တို့ကို မှာကြားခဲ့သည်။

10-Jan-2026