ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား ကြည်ညိုပို့ဆောင်နှုတ်ဆက်
ပုသိမ် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် ရှမ်း၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ တောင်ရိုး တိုင်းရင်းသားပြည်သူများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား ပုသိမ်မြို့၊ မြေနုတံတားဆိပ်ကမ်းမှ သင်္ဘောဖြင့် ယမန်နေ့ညနေပိုင်းတွင် ထွက်ခွာခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည်ညိုပို့ဆောင်နှုတ်ဆက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ မြေနုတံတားဆိပ်ကမ်းမှ သင်္ဘောဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြမည့် ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်တို့မှ ဆရာတော်၊ သံဃာတော်များအားဖူးမြော်ကြည်ညိုခဲ့ပြီးနောက် ရှမ်း၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ တောင်ရိုး တိုင်းရင်းသားပြည်သူများအား ဆက်လက်နှုတ်ဆက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများ လမ်းခရီးအဆင်ပြေစေရေး၊ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နေထိုင်နိုင်စေရေး၊ ဆွမ်း၊ ကွမ်း ဝေယျာဝစ္စကိစ္စရပ်များ၊ အာဟာရများလစ်ဟင်းမှု မရှိစေရေး၊ စေတီတော်မြတ်ကြီးအား စိတ်အေးချမ်းသာယာစွာ ဖူးမြော်ကြည်ညို သဒ္ဒါပွားများနိုင်စေရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်တို့မှ ဆရာတော်၊ သံဃာတော်( ၂၈ )ပါးနှင့် ရှမ်း၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ တောင်ရိုး တိုင်းရင်းသား ပြည်သူ( ၂၂၇ )ဦးတို့က သွားရောက်ဖူးမြော်ကြမည်ဖြစ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုဆိပ်ခံတံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြား ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား (Jetty) တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ကြံ့ခိုင်မှုရှိစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယခုလ(၁၁)ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်ခရိုင်၊ သာပေါင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မဲရုံအမှတ်(၁)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအတွင်းအပြင် လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်၊ မီးဘေးလုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။