ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား ကျင်းပနိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာသို့သွားရောက်၍ (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆီထွက်သီးနှံနေကြာစံပြစိုက်ခင်း (၂၀)ဧက စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ယာဉ်ရပ်နားကွင်း၊ မဏ္ဍပ်၊ ဖိုးတောင်သူစိုက်ခင်း၊ ပန်းတိုင်သီးနှံစိုက်ခင်း၊ ရာသီသီးနှံစိုက်ခင်း၊ နှစ်ရှည်ပျိုးပင်များ ဆောင်ရွက်မည့် မြေနေရာလျာထားမှုများနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးပင်စားပင်များ အချိန်မီဖြစ်ထွန်းစေရေး၊ သစ်ပင်ပန်းမာန်များ စိမ်းလမ်းစိုပြေနေစေရေးနှင့် အချိန်မီဖူးပွင့်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများကိုပါ တောင်သူများအား အသိပညာပေးပြသနိုင်ရေး၊ အရိပ်ရပင်များအောက်တွင် ကော်ဖီသီးနှံစိုက်ပျိုးပြသနိုင်ရေး၊ အဓိကသီးနှံ ၁၃မျိုး အားထည့်သွင်းစိုက်ပျိုးပြသနိုင်ရေးတို့ကိုအချိန်မီဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

06-Jan-2026