(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်

ပုသိမ် ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ကျင်းပသော ဌာနဆိုင်ရာအမျိုးသားဖူဆယ်ပြိုင်ပွဲ၊ ဌာနဆိုင်ရာအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဌာနဆိုင်ရာအမျိုးသား/အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ ဌာနဆိုင်ရာအမျိုးသားဘောလီဘောပြိုင်ပွဲ၊ ဌာနဆိုင်ရာအမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ ဌာနဆိုင်ရာ အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲနှင့် မြန်မာ့ရိုးရာအားကစားနည်းပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကိုကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသည့်အသင်းများမှ အားကစားသမားများကနေရာယူကြပြီးနောက် ချောတိုင်တက်ပွဲ ပထမ၊ ဒုတိယရရှိသည့် အသင်းများအား ငွေသားဆု၊ အမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဒုတိယနှင့် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဒုတိယရရှိသည့် အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယနှင့်အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ ဒုတိယရရှိသည့် အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ ပထမနှင့် အမျိုးသမီးထုပ်ဆီးတိုး ဒုတိယရရှိသည့် အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းလည်းကောင်း၊ အမျိုးသမီးထုပ်ဆီးတိုးပထမ၊ အမျိုးသားလွန်ဆွဲပြိုင်ပွဲ ပထမ၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ပထမ၊ အမျိုးသားဖူဆယ်ပြိုင်ပွဲ ပထမ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမရရှိသည့်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။

04-Jan-2026