ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျုံပျော်မြို့နယ်၊ နတ်ကန်ကျေးရွာ နှင့် ဘိုးထောင့်ကျေးရွာသို့ဆက်သွယ်ထားသော ဒါးကချောင်းကူး (နတ်ကန်) ကွန်ကရစ်တံတားသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျုံပျော်မြို့နယ်၊ နတ်ကန်ကျေးရွာနှင့် ဘိုးထောင့်ကျေးရွာသို့ဆက်သွယ်ထားသော ဒါးကချောင်းကူး (နတ်ကန်) ကွန်ကရစ်တံတားသစ် (၃၀၀ပေ × ၂၀ပေ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်က နတ်ကန်ကျေးရွာနှင့် ဘိုးထောင့်ကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူး(နတ်ကန်) ကွန်ကရစ် တံတားသစ်ဖွင့်ပွဲ အမှတ်တရလက်ဆောင်များအား ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့်တာဝန်ရှိသူများက ကွန်ကရစ်တံတားသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါတံတားသည် သံကူကွန်ကရစ်ယက်မ+ကြမ်းခင်း၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ တံတားအရှည်(၃၀၀)ပေ၊ တံတားခန်းဖွဲ့စည်းပုံ(၆၀ပေ) ၅ ခန်း၊ တံတားအကျယ် (၂၀)ပေ၊ ရေလွတ်ကင်းလွတ်အမြင့်(၆)ပေ၊ ရေလမ်းကင်းလွတ်အကျယ်(၄၈)ပေ၊ ယာဉ်သွားလမ်းအကျယ်(၁၈)ပေ၊ လူသွားလမ်းအကျယ်တစ်ဖက်လျင်(၁)ပေစီ၊ ခွင့်ပြုယာဉ်အလေးချိန်(၃၆)တန်ရှိကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျုံပျော်မြို့နယ်၊ မြေရဲတောင်အမှတ်(၂)ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့်တာဝန်ရှိသူများက ကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ကျုံပျော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး မြေသားတာဘောင်မြှင့်တင်ခြင်း (၁/၂.၅မိုင် × ၁၆'× ၃)၊ မြေရောကျောက်ခင်းခြင်း(၀/၂.၅ မိုင် × ၁၂ × ၉ ) Box Culvert(၅×၁၈×၅' ) တစ်စင်းပါဝင်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသုတ်မြို့အခြေပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမတွင်ပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း ကျောင်းဆောင်လိုအပ်ချက်များပြားပါကြောင်းနှင့် ကျောင်းဆောင်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍ ကျောင်းအဆောက်အဦ လိုအပ်ချက်များကိုလည်း ဘဏ္ဍာနှစ်အလိုက် ရရှိရေးဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် လိုကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများသည် အနာဂတ်တွင်နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များကို ပြုစုပျိုးထောင်သူများလည်း ဖြစ်ပါကြောင်း” ဆွေးနွေးပြောကြားပြီး အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၏ လိုအပ်ချက်များတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ကန်တော့ခံဆရာကြီး/ဆရာမကြီးများအား လှူဒါန်းငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသုတ်မြို့အခြေပညာအထက်တန်းကျောင်း ၁၄၀ပေ၊ ၃၀ပေ RCသုံးထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေးတို့ကို မှာကြားခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ ဒီပါရုမ်စေတီတော်မြတ်ကြီး၌ နှစ်ကူးမင်္ဂလာမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်နာယူပူဇော်ပွဲအား တက်ရောက်နာယူကြည်ညိုကာ ရေကြည်မြို့၊ ငါးသိုင်းချောင်းမြို့၊ အသုတ်မြို့များအတွက် အလှူငွေများလှူဒါန်းခဲ့ကြောင်းသိရသည်။