ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိမဲရုံများတွင် ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှု
ပုသိမ် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ (၂၈)ရက် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် အပိုင်း(၁) အနေဖြင့် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့ပေါ်ရှိမဲရုံများတွင် ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁၅)ရပ်ကွက်၊ မဲရုံအမှတ်(၁)သို့လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်၊ မဲရုံအမှတ်(၇)နှင့် မဲရုံ(၃)သို့လည်းကောင်း၊ အမှတ်(၆)ရပ်ကွက်၊ မဲရုံအမှတ်(၂)သို့လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၊ မဲရုံအမှတ်(၃)သို့လည်းကောင်း သွားရောက်၍ ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။
28-Dec-2025