တိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၅-၂၀ ၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော သဲကုန်းကျေးရွာကုန်ထုတ်လမ်း မြေသားခင်းခြင်းလုပ်ငန်း ကြည့်ရှု၊ မအူပင်မြို့နယ်၊ မအူပင်- ကဇန်းလမ်း ကားလမ်းဘေး ဝဲဘက်မြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကိုကြည့်ရှု
ပုသိမ် ဒီဇင်ဘာ ၂၆
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၅-၂၀ ၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော သဲကုန်းကျေးရွာကုန်ထုတ်လမ်း မြေသားခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ယနေ့နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၅-၂၀ ၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော သဲကုန်း ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာကုန်ထုတ်လမ်း မြေသားခင်းခြင်းလုပ်ငန်း(၀/၄.၆၉၇ မိုင် × ၁၆'-၀"x ၄-၀") ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း(၀/၁.၃၆ မိုင် × ၁၂'-၀"x o'-၆") နှင့် Box Culvert (၂) စင်း တည်ဆောက်ခြင်းလုပ်ငန်း ၂(၅'×၁၈၅) ဆောင်ရွက်မှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့ကို မှာကြားခဲ့ကြောင်းသိရှိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ မအူပင်- ကဇန်းလမ်း ကားလမ်းဘေး ဝဲဘက်မြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ရေမြောင်းတူးဖော်ပြီးပါက မြောင်းတာဘောင်များ၊ မြေလွတ်များတွင် သီးနှံများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့၊ တိုးရွှေဝါခန်းမတွင် မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)များ မဲရုံများသို့ ထုတ်ပေးရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ မအူပင်မြို့၊ မြို့လယ်ကျောင်းရပ်ကွက်၊ မဲရုံအမှတ်(၁)သို့လည်းကောင်း၊ အမှတ်(၆)ရပ်ကွက်၊ မဲရုံအမှတ်(၁)သို့လည်းကောင်း၊ ရေလဲကလေးကျေးရွာ၊ မဲရုံအမှတ်(၃)သို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအတွင်းအပြင် လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်၊ မီးဘေးလုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်တို့ကိုမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ တောင်သူဦးသိန်းဇော်ဝင်း၏ စိုက်ဧကတွင် Super Sun-41 နေကြာ(၃)ဧကနှင့် ရေဆင်း(၁၅)ပဲပုပ်မျိုး (၃)ဧကစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးတက်စိုက်ပျိုးစေရေး၊ ဆီထွက်နှုန်းကောင်းမွန်သည့် မျိုးများအသုံးပြုစိုက်ပျိုးစေရေး၊ ပိုးမွှားမကျရောက်စေရေး၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးတက်စိုက်ပျိုးစေရေး၊ ဆီထွက်နှုန်းကောင်းမွန်သည့် မျိုးများအသုံးပြုစိုက်ပျိုးစေရေး၊ ပိုးမွှားမကျရောက်စေရေး၊ ဆီဖူလုံရေးအတွက်ဖြစ်နိုင်သည့်နေရာများတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နေကြာစိုက်ခင်းခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာရှိ စိုင်းဟီဟအသားစားကြက်ခြံသို့ သွားရောက်၍ အသားစားကြက် ( ၁၅၅၀၀၀)ကောင်မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးပြီး တိုးချဲ့မွေးမြူနိုင်ရေး၊ ဈေးကွက်အတွင်း တိုးချဲ့တင်ပို့နိုင်ရေးတို့ကိုမှာကြားခဲသည်။ ရွှေတောင်မှော်ကျေးရွာရှိ စိုင်းဟီဟအသားစားကြက်ခြံအနေဖြင့် တစ်နှစ် ၅ သုတ်ဖြင့် တိုင်းအတွင်း( ၈၀)ရာခိုင်နှုန်းနှင့် တိုင်းပြင်ပ (၂၀) ရာခိုင်နှုန်း တင်ပို့ရောင်းချကြောင်းသိရသည်။