ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် Ayeyarwady Region Investment Fair အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၈.၉.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတရှင်အတွင်းရေးမှူး၊ (JICA)မှ တာဝန်ရှိသူများ၊ (MRS)သုတေသနအဖွဲ့မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် Ayeyarwady Region Investment Fair အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနား၌ ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် ငွေဆောင်ကမ်းခြေတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့မှ ဒီဇင်ဘာလ (၁)ရက်နေ့အထိ Ayeyarwady Region Investment Fair ကျင်းပရေးအတွက် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ရန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့အား အဓိကထား ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းဒေသကြီးအစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယနေ့အထိ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဆောင်ရွက်လျက်ရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃၀)ခု၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃၈)ခု ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲကို ငွေဆောင်ကမ်းခြေတွင် ကျင်းပရန် စီစဉ်ထားပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးအခွင့်အလမ်းများ ဖော်ထုတ်နိုင်မည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ပြပွဲအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Mr.Tarkarfume UEDA (Advisor)တို့မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမှာစကားများ ပြောကြားပြီးနောက် Ayeyarwady Region Investment Opportunity Survey မှ လေ့လာတွေ့ရှိချက်များကို ဦးဉာဏစိုးမှလည်းကောင်း၊ Ayeyarwady Region Investment Fair ကျင်းပမည့် အစီအစဉ်များကို ဦးရဲညွန့်မှလည်းကောင်း တင်ပြခဲ့ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ထုတ်လုပ်မှုလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍတို့မှ ဖြည့်စွက်ဆွေးနွေး၍ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးကြပါသည်။