ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ ရင်းရှည်ကျေးရွာတွင် ငဝန်မြစ်ရေတိုက်စားခံရသည့်ကမ်းပါးပေ(၁၀၀၀)ပြိုကျမှုအားကြည့်ရှု့စစ်ဆေး၊ ရေကြည်မြို့နယ်၊ ဘုရားကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကျောင်းဆောင်လိုအပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
ပုသိမ် ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ရင်းရှည်ကျေးရွာတွင် ငဝန်မြစ်ရေတိုက်စားခံရသည့်ကမ်းပါးပေ (၁၀၀၀)ပြိုကျမှုအား ကြည့်ရှု့စစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ရင်းရှည်ကျေးရွာတွင် ငဝန်မြစ်ရေတိုက်စားခံရသည့် ကမ်းပါးပေ(၁၀၀၀)ပြိုကျမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွင်နိုင်ရန်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွင်နိုင်ရန်အတွက် လိုအပ်သည့်တိုင်းတာမှုများပြုလုပ်၍ တွက်ချက်တင်ပြရန်တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ဘုရားကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကျောင်းဆောင်လိုအပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားခဲ့သည်။