ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း မြောင်းမြမြို့၊ သိလ္လာချောင်းဖျားကျေးရွာအုပ်စု၊ သိလ္လာချောင်းဖျားကျေးရွာတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုအားသောအားဖြင့် ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြောင်းမြမြို့၊ သိလ္လာချောင်းဖျားကျေးရွာအုပ်စု၊ သိလ္လာချောင်းဖျားကျေးရွာတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုအားသောအားဖြင့် ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လျှပ်စစ်မီးဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်တို့သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်တို့သည် သိလ္လာချောင်းဖျားကျေးရွာတွင်ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့တွင် သိလ္လာချောင်းဖျားကျေးရွာအနေဖြင့် လျှပ်စစ်မီးကို ရရှိခဲ့ပြီးဖြစ်ပါကြောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်ကိုလည်း ဆောက်လုပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်တွင် ပညာရေးဝန်ကြီးဌာနဌာနဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆောက်အဦများ ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍ ကျောင်းအဆောက်အဦ လိုအပ်ချက်များကိုလည်း ဘဏ္ဍာနှစ်အလိုက် ရရှိရေးဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ကျန်းမာရေးကဏ္ဍအတွက် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနေသည့် ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြသူနာပြုသင်တန်းကျောင်းတို့တွင် သူနာပြု-သားဖွားဒီပလိုမာ အပ်နှင်းခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် လူ့စွမ်းအားအရင်းအမြစ်များ များစွာပေါကြွယ်ဝပြီး အခွင့်အလမ်းများစွာရှိသည့် တိုင်းဒေသကြီးအဖြစ်ရှိနေပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)သည် မြန်မာနိုင်ငံတွင် ဒုတိယမြောက်ဖွင့်လှစ်သည့် တက္ကသိုလ်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်သည့်ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ပြန်လည်အကျိုးပြုနိုင်တော့မည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍတွင်လည်း အားကစားရုံများပြုပြင်တည်ဆောက်ခြင်း၊ အားကစားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်ဧကများပြည့်မီရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားသည်။ ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်က“ ပြည်သူများအနေဖြင့် အတိတ်သမိုင်းတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိပါကြောင်းနှင့် တိုင်းရင်းသားအားလုံး ဥမကွဲ၊ သိုက်မပျက် စည်းစည်းလုံးလုံးနေထိုင်၍ တစ်ဦးကိုတစ်ဉီး ဖေးမကူညီရန်လိုပါကြောင်း” ဆက်လက်ဆွေးနွေးပြောကြားခဲ့သည်။