ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော တိုင်းဒေသကြီးအတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား ကြည်ညိုပို့ဆောင်နှုတ်ဆက်
ပုသိမ် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော တိုင်းဒေသကြီးအတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား ပုသိမ်မြို့၊ မြေနုတံတားဆိပ်ကမ်းမှ သင်္ဘောဖြင့် ယမန်နေ့ညနေပိုင်းတွင်ထွက်ခွာခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည်ညိုပို့ဆောင်နှုတ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ မြေနုတံတားဆိပ်ကမ်းမှ သင်္ဘောဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြမည့် တိုင်းဒေသကြီးအတွင်းရှိဆရာတော်၊ သံဃာတော်များအားဖူးမြော်ကြည်ညိုကာ အချိုရည်များဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ပြည်သူလူထုအား ဆက်လက်နှုတ်ဆက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများ လမ်းခရီးအဆင်ပြေစေရေး၊ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နေထိုင်နိုင်စေရေး၊ ဆွမ်း၊ ကွမ်းဝေယျာဝစ္စကိစ္စရပ်များ၊ အာဟာရများလစ်ဟင်းမှု မရှိစေရေး၊ စေတီတော်မြတ်ကြီးအား စိတ်အေးချမ်းသာယာစွာ ဖူးမြော်ကြည်ညို သဒ္ဒါပွားများစေနိုင်ရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ တိုင်းဒေသကြီးအတွင်းရှိ ဆရာတော်၊ သံဃာတော် သံဃာ(၁၁၄)ပါး၊ လူပုဂ္ဂိုလ်(၇၈)ဦးတို့က သွားရောက်ဖူးမြော်ကြမည်ဖြစ်သည်။