(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရှေ့ကိုးသိန်း(၂)လမ်းနှင့် (၃)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ဘဲဂရက်ကြီးကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားများအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
ပုသိမ် ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အရှေ့ကိုးသိန်း (၂)လမ်းနှင့် (၃)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးချုပ်သည် တာဝန်ရှိသူများအတူနှင့်ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယနေ့ဖွင့်လှစ်လမ်းသည် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူပူးပေါင်းဆောင်ရွက်သောလမ်းဖြစ်ပြီးအမှတ်(၃) ရပ်ကွက်၊ အရှေ့ကိုးသိန်း(၂)လမ်းသည် လမ်းအရှည် ၅၀၀ပေ၊ အကျယ်၁၂ပေနှင့် ထု၆လက်မရှိပြီး အရှေ့ကိုးသိန်း(၃)လမ်းသည် လမ်းအရှည် ၆၂၂ပေ၊ အကျယ် ၁၂ပေနှင့် ထု၆လက်မရှိကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတရာကျေးရွာအုပ်စု၊ ဘဲဂရက်ကြီးကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်၍ လျှပ်စစ်မီးဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်မန်းငြိမ်းမောင်တို့သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။