ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအူပင်မြို့နယ်အတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားများအားဖွင့်လှစ်
ပုသိမ် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအူပင်မြို့၊ အမှတ်(၁၂)ရပ်ကွက်၊ တိုးမေတ္တာလမ်း ( မြို့သစ် -၃လမ်းနှင့် မြို့သစ် ၅လမ်းကြား) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမျိုးသားကာကွယ်ရေးကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် မအူပင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် ၂၈၂ပေ၊ အကျယ် ၁၂ပေနှင့် ထု၆လက်မရှိကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မအူပင်မြို့နယ် ၊ ဝါးတောကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါကွန်ကရစ်လမ်းသည် ဝါးတောကျေးရွာ နှင့် မအူပင် - ဆားမလောက် ကားလမ်းဆက်သွယ်သည့်လမ်း ဖြစ်ပြီးလမ်းအရှည် ၅၅၀ပေ၊ အကျယ်၈ပေနှင့် ထု၆လက်မရှိကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ မီးသွေးချောင်းကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်၍ လျှပ်စစ်မီးဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာတွင် ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးကိစ္စရပ်များကို ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)သည် မြန်မာနိုင်ငံတွင် ဒုတိယမြောက်ဖွင့်လှစ်သည့် တက္ကသိုလ်ဖြစ်ပါကြောင်း၊ မအူပင်ခရိုင်သည် မွေးမြူရေးလုပ်ငန်းအများဆုံးလုပ်ကိုင်သည့် ခရိုင်ဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး ဆက်လက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်မန်းငြိမ်းမောင်က “ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်များကို တွေ့မြင်ရသည်မှာ များစွာဝမ်းမြောက်ပါကြောင်း၊ မိမိအနေဖြင့် ဗဟိုအကြံပေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိရာ ဒေသအတွက် လိုအပ်ချက်များကို မိမိထံ တင်ပြပါကလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း ” ဆွေးနွေးပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။