ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅ − ၂၀၂၆ ခုနှစ် နွေစပါး မျိုးစေ့ချကိရိယာ (seeder)စနစ်ဖြင့်စိုက်ပျိုးသရုပ်ပြခြင်းအခမ်းအနားတက်ရောက်
ပုသိမ် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅ − ၂၀၂၆ခုနှစ် နွေစပါး မျိုးစေ့ချကိရိယာ(seeder)စနစ်ဖြင့်စိုက်ပျိုးသရုပ်ပြခြင်းအခမ်းအနားအား တက်ရောက်အားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅ −၂၀၂၆ခုနှစ် နွေစပါး AGT 303 အထွက်တိုး မျိုးအား မျိုးစေ့ချကိရိယာ(seeder)စနစ်ဖြင့်စိုက်ပျိုးသရုပ်ပြခြင်းနှင့်ဒုတိယသီးနှံနွေစပါးစိုက်ခင်းများ၏ ကန်သင်းဘောင်တွင် ဆင်းရွှေကြာ၂ နေကြာမျိုးများအား ကျင်းစနစ်ဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ နေကြာစိုက်ခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။