ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်အတွင်း အခြေခံပညာအထက်တန်း ကျောင်းများရှိ ဆရာ၊ ဆရာမများ Grade-12 ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံအားပေး

ပုသိမ် ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်ခန်းမ၌ပြုလုပ်သည့် ဆရာ၊ ဆရာမများ Grade-12ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်မှ ဆရာကြီး၊ဆရာမကြီးများနှင့် အခြေခံပညာအထက်တန်းကျောင်းများရှိ ဘာသာရပ်သင်ဆရာ၊ဆရာမများနှင့် ဆွေးနွေးပွဲများပြုလုပ်လျက်ရှိပါကြောင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ အနေဖြင့် ဆရာဆရာမများမှ သင်ကြားပို့ချမှုများကို ဂရုတစိုက်လေ့လာမှတ်သား၍ ကြိုးစားကျက်မှတ်ကြရန်၊ ကျန်းမာရေးကိုလည်း ဂရုစိုက်နေထိုင်ကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူး ချွန်ချွန်ဖြင့် အောင်မြင်ရေးအတွက်လည်း ဆရာ၊ မိဘ၊ ကျောင်းသားက ပူးပေါင်းဆောင်ရွက် သွားကြရန်လိုပါကြောင်း” ပြောကြားပြီး ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများ Grade-12ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် အုပ်ချုပ်ရေးအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးမွေးမြူရေးကို အထောက်အကူပြုမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်းနှင့် သိပ္ပံဘာသာတွဲတွင် အမှတ်(၃၅၀)နှင့်အထက် ရရှိသူများလျှောက်ထားတက်ရောက်နိုင်မည်ဖြစ်ပါကြာင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါ ကြောင်းနှင့် ကျန်းမာရေးကိုလည်း ဂရုစိုက်နေထိုင်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူး ချွန်ချွန်ဖြင့် အောင်မြင်ရေးအတွက်လည်း ဆရာ၊ မိဘ၊ ကျောင်းသားက ပူးပေါင်းဆောင်ရွက် သွားကြရန်လိုပါကြောင်း” ပြောကြားပြီး ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အသုတ်မြို့အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများ Grade-12ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောက်ချက်မြင့်မားရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ Shwe Zabar Myanmar Parboiled Rice Millသို့သွားရောက်၍ ပေါင်းဆန် အခြောက်ခံစက်များရောက်ရှိတပ်ဆင်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် သတ်မှတ်ကာလအတွင်းတပ်ဆင်ပြီးစီးစေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ စည်ခွကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ယိုးဒယားတက်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း သွားရောက်၍ ဆရာ၊ ဆရာမများ Grade-12ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲအကြိုစာမေးပွဲများဖြေဆိုလျက်ရှိရာ မိမိတို့၏ အားနည်းသည့်ဘာသာရပ်များအားပိုမိုလေ့လာကျက်မှတ်ကြရန်၊ ဆရာ၊ဆရာမများကလည်း စနစ်တကျကြပ်မတ်သင်ကြားကြရန်နှင့် အောင်ချက်မြင့်မားရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားက ပူးပေါင်းဆောင်ရွက် သွားကြရန်လိုပါကြောင်းပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

13-Dec-2025