ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဝါးခယ်မမြို့နယ် အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး

ပုသိမ် ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက(၀.၇၅ )တွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံဆီထွက်(နေကြာ) မျိုးစေ့ချပွဲသို့တက်ရောက်၍ ဒေသခံတောင်သူများနှင့်အတူ ကျင်းဖြင့်စိုက်ပျိုးသည့်စနစ်ဖြင့် ရေဆင်းစပ်မျိုး-၂နေကြာမျိုးစေ့များ စိုက်ပျိုးပေးခဲ့ပြီး စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက( ၁၀)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ် ဒုတိယသီးနှံ နွေစပါးနယူးဧရာ(၁၁) စပါးမျိုးအား Seeder စနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး စပါးစိုက်ပျိုးမှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေး လုပ်ငန်းများကိုပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် ဆောင်ရွက်သွားရန်တို့ကိုမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးတင်အောင်သန်း၏ လယ်မြေ၌ ဒုတိယသီးနှံ နွေစပါးစိုက်ဧကများ၏ လယ်ကန်သင်းရိုးတွင် ဆန်ဖိုလာနေကြာမျိုးများအား ကျင်းဖြင့်စိုက်ပျိုးသည့်စနစ်ဖြင့် ကျင်း(၅)ထောင် စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် မျိုးရွေးချယ်မှုများ စနစ်တကျဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းနှင့် မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများစနစ်တကျဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ နေကြာစိုက်ဧကပြည့်မီရေးအတွက် သင့်တော်သည့်နေရာဒေသများတွင် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးခြင်းများကို အောင်မြင်အောင်ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ” ဆွေးနွေးပြောကြားပြီး တောင်သူဦးတင်အောင်သန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူတို့က ဆီဖူလုံရေးအတွက် ဆီထွက်သီးနံများတိုးတက်စိုက်ပျိုးသွားမည့် အခြေအနေများ၊ သင့်တော်သည့်နေရာဒေသများတွင် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားမည့်အခြေအနေများ၊ နေကြာစိုက်ဧကပြည့်မီရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်များကိုဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာအခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ကာ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School ) အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းဝန်းအတွင်း ကျောင်းသား၊ ကျောင်းသူများ လက်တွေ့အ ​ေကာင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် သစ်ပင်ပန်းမန်များ၊ စက္ကူအသုံးပြု ရုပ်ပုံဖန်တီးထားရှိမှုများ၊ ဆိုင်ကယ်တာယာကွင်းအ‌ေဟာင်းများအသုံးပြုကာ ဆယ်နှစ်လရာသီပန်းချီကားဖန်တီးထားရှိမှုများ၊ ကျောင်းစာကြည့်တိုက်နှင့် ကလေးကစားကွင်းဆောင်ရွက်ထားရှိမှု အရိပ်ရပင်များနှင့် သီးပင်စားပင်များစိုက်ပျိုးထားရှိမှုများအားကြည့်ရှုအားပေးခဲ့ပြီး ကျောင်းဆောင်လိုအပ်ချက်တင်ပြထားရှိမှုအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက( ၄)ဧကတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံ ဆီထွက်သီးနှံနေကြာမျိုးစေ့ချပွဲသို့ တက်ရောက်၍ ဒေသခံတောင်သူများက ဆန်ဖိုလာနေကြာမျိုးစေ့များ စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာ တောင်သူဦးရွှေပွား၏ စိုက်ဧက(၅)ဧကရှိ မြေပဲစံပြစိုက်ခင်းတွင် စပိန်မြေပဲမျိုးစိုက်ပျိုးနေမှုများနှင့် ပဲပုပ်(၃)ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး ဆီဖူလုံရေးအတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားကာ ဒေသခံတောင်သူများအား စားသောက်ဖွယ်ရာများပေးဝေခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာ တောင်သူဦးဘညိမ်းပါ (၅)ဦး၏ စိုက်ဧ(၁၀)ဧကစံပြစိုက်ခင်းတွင် ဆင်းရွှေကြာ-၂နေကြာမျိုး စိုက်ပျိူးထားရှိပြီး အပင်တစ်ပတ်သားအဖြစ် ထွက်ရှိမှုများကို ကြည့်ရှုအားပေးပြီး စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။

08-Dec-2025