ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-12၊ ကျောင်းသား၊ ကျောင်းသူများအောင်ချက်မြင့်မားရေး တွေ့ဆုံဆွေးနွေး

ပုသိမ် နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၊ တေဇာသီရိခန်းမတွင်ပြုလုပ်သည့် Grade-12၊ ကျောင်းသား၊ ကျောင်းသူများအောင်ချက်မြင့်မားရေးတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်ဝင် စာမေးပွဲတွင် အထောက်အကူပြုစေမည့် သိပ္ပံဘာသာတွဲအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့် သင်ကြားသည့် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်ဆွေးနွေးပွဲကို ခရိုင်များအလိုက်ပြုလုပ်ခဲ့ပါကြောင်း၊ KG+9ပြီးမြောက်ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းသို့ ဆက်လက်ပညာ ဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၈)ခရိုင်တွင် တစ်ခရိုင်လျှင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်း ကျောင်း(၁)ကျောင်းဖြင့် စုစုပေါင်း(၈)ကျောင်းဖွင့်လှစ်ထားပါကြောင်း၊ တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးကို မြှင့်တင်ပေးမည့်သူများသည် ဆရာ၊ ဆရာမျာနှင့် ကျောင်းသား၊ ကျောင်းသူများဖြစ်ပါကြောင်း၊ သိပ္ပံဘာသာတွဲတွင် ကျောင်းသား ကျောင်းသူများ၏ သင်ယူလေ့လာမှုများ အားနည်းမှုမရှိစေဘဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လာမည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး၏ အောင်ချက်မြင့်မားရေးအပြင် သိပ္ပံဘာသာတွဲတွင်လည်း ထူးထူးချွန်ချွန်ဖြင့် အောင်မြင်ရေးအတွက်လည်း ဆရာ၊ မိဘ၊ ကျောင်းသားကျောင်းသူများနှင့်တာဝန်ရှိသူ များအားလုံးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း” မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးက စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှုမြင့်မားရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ရေကြည်မြို့နယ်အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြေကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် Grade-12သင်ဆရာ၊ ဆရာများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများကိုလည်းကောင်း၊ ရပ်ဝေးဒေသမှ ရေကြည်မြို့နယ်အတွင်း လာရောက်တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာများအား ဆန်၊ ဆီ၊ ကြက်ဥများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ မင်္ဂလာရာမကျောင်းတိုက်သို့သွားရောက်၍ မင်္ဂလာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အား ဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စများရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းပစ္စည်းများနှင့် ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်ရွာသာကုန်းတွင် တည်ထားကိုးကွယ်တော်မူသည့် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံနိုင်ရန်နှင့် စေတီတော်မြတ်ကြီး၏ အရံစေတီတော်များ တည်ထားကိုးကွယ်နိုင်ရန်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

25-Nov-2025