ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်အောင်မြို့နယ်လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအားစနစ်တကျသုံးစွဲစေရေးမှာကြားခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာသစ်ကုန်းကျေးရွာ၊ လက်ပံကွင်းတိုက်နယ်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား တွေ့ဆုံအားပေးစကားများပြောကြားကာ ဆေးကုသစရိတ်များနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ လက်ပံကွင်းကျေးရွာအုပ်စု၊ ကျွန်းတောကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအားစနစ်တကျသုံးစွဲစေရေးမှာကြားခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ကျောင်းကွင်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်း၍ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအားစနစ်တကျသုံးစွဲစေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ကျောင်းကွင်းကျေးရွာရှိ တောင်သူဦးရာမော်၏ စိုက်ဧက(၁)ဧကတွင် ဆီတိုးပဲပုပ်မျိုး စိုက်ခင်းအားကြည့်ရှုအားပေးပြီး ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု၊ တစ်ဧကအထွက်နှုန်းနှင့် အောင်မြင်ဖြစ်ထွန်းမှုအ ခြေအနေများမေးမြန်းခဲ့ပြီး စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးတက်စိုက်ပျိုးစေရေး၊ ဆီထွက်နှုန်းကောင်းမွန်သည့် မျိုးများအသုံးပြုစိုက်ပျိုးစေရေး၊ ပိုးမွှားမကျရောက်စေရေး၊ ပိုးသတ်ဆေးလျော့ချသုံးစွဲနိုင်ရေးနှင့် ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေး တို့ကို ဆွေးနွေးမှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးဘတ်ကျကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၆၀ပေ× ၃၀ပေ RCC တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီးအဆောက်အဦအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့အတွက် လူအင်အား၊ စက်အင်အားများဖြင့် အဆိုင်းခွဲ၍ ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ငါးဘတ်ကျကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်း၍ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအားစနစ်တကျသုံးစွဲစေရေးမှာကြားခဲ့သည်။

ဆက်လက်၍ မြန်အောင်မြို့နယ်၊ ကျောင်းကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သတင်းသုံးနေသည့် သက်တော်(၁၀၂)နှစ်ရှိ ဆရာတော် ဘဒ္ဒန္တသီလာစာရအား ဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ လက်ပံကွင်းကျေးရွာအုပ်စု၊ မကျီးအုပ်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်း၍ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ မကျီးအုပ်ကျေးရွာ ဣန္ဒာရာမကျောင်း တိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ဒေသခံပြည်သူများ‌နှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ လိုအပ်ချက်များကို တင်ပြကြရန်နှင့် လျာထားဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို လာမည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်ရေးလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆောက်အဦများဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ဒေသများတွင်လည်း ဆိုလာဖြင့် လျှပ်စစ်ဓာတ်အားရရှိစေရေး၊ သန့်ရှင်းသော သောက်သုံးရေများရရှိရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် အခြခံပညာကျောင်းဖွင့်လှစ်မှု အများဆုံး၊ ကျောင်းတက်ရောက်မှုအများဆုံး တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့် စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှုမြင့်မားရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်တော့နိုင်မည်ဖြစ်ပါကြောင်း၊ အိုးမကွာအိမ်မကွာ တက္ကသိုလ်ပညာရပ်များကို လေ့လာဆည်းပူးနိုင်မည်ဖြစ်ကြောင်း၊ ပဲပုပ်-ပဲကြီး ရောနှော စိုက်ပျိုးခြင်းဖြင့်လည်း ဆီဖူလုံမှုကို အထောက်အကူပြုလျက်ရှိပြီး ပဲပုပ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအ​​​ထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပတော့မည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများတွင်ပါဝင်ခြင်းရှိမရှိ၊ မှားယွင်းနေခြင်းရှိမရှိ အား ပြည်သူများအနေဖြင့် မဲစာရင်းများကပ်ထားချိန်တွင် သွားရောက်ကြည့်ရှုကြရန်လိုကြောင်း” ဆွေးနွေးပြောကြားကာ ဒေသခံပြည်သူများအား ဆေးစိမ်ခြင်ထောင်များနှင့် ဆိုလာမီးအိမ်များပေးအပ်ခဲ့ပြီး ‌ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်မြို့နယ်၊ လက်ပံကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ဗလာစာအုပ်များပေးအပ်ခဲ့သည်။ဆက်လက်၍ ဆရာ၊ ဆရာများနှင့် တွေ့ဆုံခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးကိစ္စရပ်များ၊ သိပ္ပံဘာသာတွဲတွင် ကျောင်းသား ကျောင်းသူများ၏ သင်ယူလေ့လာမှုများ အားနည်းမှုမရှိစေဘဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာစေရေးတို့နှင့်စပ်လျဥ်း၍ ဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ တောင်သူဦးလှိုင်ဝင်း၏ စိုက်ဧက(၃)ဧကတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းနေကြာစိုက်ခင်း Super Sun-41 နေကြာမျိုး စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဆောင်ရွက်ရန်၊ စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့ကြောင်းသိရသည်။

21-Nov-2025