ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ)စိုက်ပျိုးပွဲအား တက်ရောက်ကြည့်ရှုအားပေး

ပုသိမ် နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကြို့ကုန်းကျေးရွာ၊ တောင်သူဦးရာဇာအောင်၏ စိုက်ဧက(‌၃)ဧကတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံနေကြာစိုက်ပျိုးပွဲ( ဆင်းရွှေကြာ-၂မျိုး)ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးပြီး မျိုးရွေးချယ်မှုများ စနစ်တကျဆောင်ရွက်ရန်၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများစနစ်တကျဆောင်ရွက်ရန်နှင့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ မကျီးကုန်းကျေးရွာ တောင်သူဦးလှအောင်၏ စိုက်ဧက(၃)ဧကတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းနေကြာစိုက်ခင်း Super Sun-41 နေကြာမျိုး စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။

21-Nov-2025