ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ် မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် ၂၀၂၅-၂၀၂၆ခုနှစ် မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား ဆီထွက်သီးနှံနေကြာ၊ ပဲပုပ်နှင့် မျိုးစေ့ချကိရိယာ(Drum Seeder)များပေးအပ်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်၊ ပဲကြီး ဧက(၁)သိန်းကိုလည်း တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ဒုတိယသီးနှံ နွေစပါးကို စိုက်ပျိုးလျှက်ရှိပြီး စိုက်ပျိုးရာတွင် ကြဲခင်းစနစ်များ ပပျောက်စေရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)များ ထုတ်လုပ်ဖြန့်ဝေလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ငရုတ်ကောင်း၊ ကော်ဖီစသည့်သီးနှံများလည်း စိုက်ပျိုးဖြစ်ထွန်း‌အောင်မြင် လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းတိုင်း‌ေဒသကြီးအစိုးရအဖွဲ့အ‌နေဖြင့် တောင်သူများလိုအပ်သော သွင်းအားစု၊ နည်းပညာပံ့ပိုးမှုများကိုလည်း ပြုလုပ်ပေးလျှက်ရှိပါကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့များပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့‌ပါသည်။

17-Nov-2025