ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ဆီထွက်သီးနှံ(နေကြာ၊ ပဲပုပ်)မျိုးစေ့နှင့် မျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ဆီထွက်သီးနှံ(နေကြာ၊ ပဲပုပ်)မျိုးစေ့နှင့် မျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဟုခေါ်ရလောက်အောင် မိုးစပါးနွေစပါး စိုက်ဧက(၅၂)သိန်းကျော် စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံဇုန်ကြီးနှစ်ဇုန်အား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် သတ်မှတ်အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် ကြဲခင်းစနစ်များပပျောက်ရန်အတွက် မျိုးစေ့ချကိရိယာ(Drum Seeder )များ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီဖူလုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများအားလုံးက ဝိုင်းဝန်း၍ အချိန်မီစိုက်ပျိုးပေးစေလိုကြောင်း” မှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား ဆီထွက်သီးနှံနေကြာ၊ ပဲပုပ်မျိုးစေ့နှင့် မျိုးစေ့ချကိရိယာ (Drum Seeder)များပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။