၂ဝ၂၅-၂၀၂၆ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော ရွှေမြင်တင်ကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍

ပုသိမ် နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၅-၂၀၂၆ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော ရွှေမြင်တင်ကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ၂ဝ၂၅ - ၂ဝ၂၆ခု၊ ဘဏ္ဍာရေးနှစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့်လမ်းဖြစ်ပြီး လမ်းအရှည် ၃၃၅ပေ၊ လမ်းအရှည် ၃၃၅ပေ၊ လမ်းအကျယ် ၁၂ပေနှင့် ထု ၆လက်မ ရှိကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာ၊ ရဝေမြိုင်သီဟို၌ခြံ ဧက(၁၅၀)တွင်ပြုလုပ်သော ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ‌သီဟို၌ခြံပိုင်ရှင်(၃၀) ဦးအား ကော်ဖီပျိုးပင်များပေးအပ်ကာ တက်ရောက်လာသူများနှင့်အတူ ကော်ဖီ ပျိုးပင်(၆၅၅၂) ပင်စိုက်ပျိုးပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍သီဟို၌ စိုက်ပျိုးမှုအခြေအနေများ၊ ကော်ဖီပျိုးပင်စိုက်ပျိုးမှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး သီဟိုစေ့များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်တိုးတက်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်၊ ကော်ဖီပင်များအား အောင်မြင်အောင်စိုက်ပျိုးကြရန်နှင့် စိုက်ဧကများပြည့်မီစေရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ လှေကြီးတက်ကျေးရွာ ဖူးပြည့်ခြံ မိသားစုတစ်ပိုင်တနိုင်ကော်ဖီစံပြစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ အရိပ်ရပင်များအောက်တွင် ကော်ဖီ၊ ငရုတ်ကောင်း၊ နာနတ်ပင်များစိုက်ပျိုးထားရှိမှု၊ အရိပ်ရရှိမှု၊ ရေပေးဝေမှု အခြေအနေများ၊ ကော်ဖီပင်များအား၂၀၂၂-၂၀၂၃ ခုနှစ်မှ စတင်၍ ပင်ကြားတန်းကြား(၆ပေ× ၈ပေ )ဖြင့် စိုက်ခဲ့ပြီး ပုံမှန် ပေါင်းမြက်ရှင်းလင်းခြင်း၊ အပင်ခြေ ဘောင်လုံးခြင်း ၊ မြေဆွေးပုံခြင်း၊ ရေ၊ အစာအာဟာရနှင့် နေ့စဉ်ဂရုစိုက်ခြင်း၊ အရိပ်ရအပင်အောက်တွင် စိုက်ပျိုးခြင်း ၊ ဂရုတစိုက် ဆောင်ရွက်ခြင်းတို့ကြောင့် အပင်ဖြစ်ထွန်းမှုကောင်းပြီး (၃)နှစ်သားဖြင့်အသီးများစတင်သီးပွင့်နေမှု အခြေအနေများနှင့် ဖြစ်ထွန်းအောင်မြင်မှုများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများရေရှည်တိုးတက် စိုက်ပျိုးနိုင်ရန်အတွက် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ် စိုက်ပျိုးနိုင်ရေး၊ ဖြစ်ထွန်း အောင်မြင်အောင်စိုက်ပျိုးနိုင်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေးကိစ္စရပ်များကို မှာကြားခဲ့သည်။

15-Nov-2025