ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း RCC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု၊ ကိုးသိန်းအားကစားကွင်း ဖူဆယ်အားကစားရုံ ဆောက်လုပ်နေမှုနှင့် ပုသိမ်တက္ကသိုလ်ဝန်းအတွင်း Recreation Center တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ (၁၄၀ ပေ × ၃၀ ပေ) RCC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့အတွက် လူအင်အား၊ စက်အင်အားများဖြင့် အဆိုင်းခွဲ၍ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်း အားကစားကွင်းအတွင်းတွင် ဖူဆယ်အားကစားရုံ (၁၅၀ ပေ × ၁၁၀ ပေ) အဆောက်အဦ ဆောက်လုပ်နေမှုအားလည်းကောင်း၊ ပုသိမ်တက္ကသိုလ်ဝန်းအတွင်း Recreation Center သံကူကွန်ကရစ်အ‌ဆောက်အဉီ တည်ဆောက်နေမှုအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီတာဝန်ရှိသူများက အဆောက်အဦဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆောက်အဦဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီဆောက်လုပ်ရမည့်အပြင် အဆောက်အဦ အရည်အသွေးပြည့်မီ ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကိုလည်း အလေးထားဆောင်ရွက်ရန်နှင့် မြေယာရှုခင်းလုပ်ငန်းများကိုလည်းစနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

10-Nov-2025